Popular Post

Posted by : Unknown Saturday, July 5, 2014


From : .. Man Media

လုံခြုံရေးရဲများကို မွတ်ဆလင်များက မချေမငံဆက်ဆံနေမှု၊ ဗလီအတွင်း ဓား၊ လှံ လက်နက်များ သိမ်းဆည်းရရှိမှုများ ကြောင့် မန်းမြို့ခံများကို ကာကွယ်ရန် စစ်တပ်မှတာဝန်ယူ ဆောင်ရွက်ရန် အတွက် စစ်ကား အစီး ၅၀ ခန့် မန္တလေးမြို့အတွင်း နေရာယူလိုက်ပြီဖြစ်သည်။



မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီးနောက် ရဲအင်အား ၅၀၀ တိုးမြှင့်ချထားသော်လည်း လုံခြုံရေးရဲများကို အစ္စလာမ်ဘာသာဝင်များက မချေမငံဆက်ဆံနေမှုများရှိသဖြင့် မြို့ခံများက စိုးရိမ်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ ပုဒ်မ ၁၄၄ ထုတ်ပြီးချိန် ဇူလိုင်လ ၃ ရက်နေ့ (မနေ့ည)က ၂၈ လမ်း နှင့် ၈၂ လမ်းထောင့်ရှိ လုံခြုံရေးရဲတပ်သားများအား ဒေါသထွက်နေသည့် ဓားလွယ်ထားသူ အစ္စလာမ်ဘာသာဝင် နှစ်ဦးမှ "ငါတို့က အင်အား အပြည့်ရှိတယ်.. ကာကွယ်စရာမလိုဘူး.. မင်းတို့သွား.. ငါတို့ကို အလ္လာ ကာကွယ်လိမ့်မယ်… ငါတို့ကို ဒီ သံဆူးကြိုးတွေ ဖယ်ပေး… ငါတို့က သေမှာမကြောက်ဘူး.. အလ္လာ ရှိတယ်…" စသဖြင့် အော်ဟစ်ကြုံးဝါးနေကြောင်း မန္တလေးမြို့မှ မျက်မြင်တစ်ဦးမှ ဆိုသည်။ 

၁၀ နာရီခွဲခန့်တွင်လည်း ၂၇ လမ်း နှင့် ၂၈ လမ်းကြား အမြှောက်တန်း ဗလီ နှင့် ရှာအာဗလီ တို့မှ အသံချဲ့စက်လော်စပီကာများမှ "အစိုးရအနေနဲ့ ကာကွယ်မှုမထိရောက်ဘူးဆိုရင်၊ အလ္လာသျှင်ရဲ့ ဥပဒေ အတိုင်း မိမိကိုယ်တိုင် စီမံအုပ်ချုပ်ပြီး ကာကွယ်သွားမည်" ဟု အော်ဟစ်ကြေညာခဲ့ကြောင်း သိရသည်။ 


လတ်တလော မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း ဥပုဒ်လဟု အကြောင်းပြကာ မွတ်ဆလင်များ ၅ ဦးထက်မက စုဝေးနေကြပြီး ၉ နာရီကျော်ထိ ဗလီများတွင် စုရုံးနေကြကြောင်း ဒေသခံများက ဆိုသည်။ ရဲများမှာ အဓိကရုဏ်းကိုင်တွယ်မှု အတွေ့အကြုံ မရှိသေးသည့်အပြင် အဓိကရုဏ်း ကာကွယ်ရေးလက်နက် ကိရိယာအပြည့်အစုံမပါရှိတာကြောင့် ဗုဒ္ဓဘာသာဝင်အချို့ စစ်တပ်မှ ဝင်ရောက်၍ ပြတ်ပြတ် သားသားကိုင်တွယ်ရန် တောင်းဆို ထားကြောင်းသိရသည်။ မန္တလေးမြို့အထင်ကရ မစိုးရိမ် တိုက်အုပ်ဆရာတော် ဦးဝီရသူ၏ Facebook တွင်လည်း လွန်ခဲ့သည့် ၂ ရက်က တပ်မတော်မှဝင်ရောက်ရန် တောင်းဆိုထားပြီး လတ်တလောတွင် ဆရာတော်မှာ   အသက်အန္တရာယ်ပြုရန် ချိန်းခြောက်ခြင်းကို ခံထား ရကြောင်း သတင်းရရှိသည်။



Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © သုဝဏ္ဏသားလေး နည်းပညာ - Date A Live - Powered by Blogger - Designed by Johanes Djogan -